Historical Knowledge and Visual Aids

Thursday, May 14, 2026
ICT

Ten Reasons Why You Need a Website

၀က်ဘ်ဆိုဒ်တစ်ခု လိုအပ်ခြင်းအတွက် အကြောင်းရင်း ၁၀ ချက်
1. Websites Never Sleep.

လူတွေအိပ်ပျော်နေချိ်န်မှာWebsite က အိပ်မပျော်ပါဘူး။ ညနေအလုပ်အားလုံးရပ်နားချိန်၊ ရုံးဆင်း၊ ရုံးပိတ် ချိန်တွေမှာလဲ ၀က်ဘ်ဆိုဒ်က မရပ်မနားဘဲ အချိန်ပြည့်ရှိနေပါတယ်။ ၀က်ဘ်ဆိုဒ်က သင့်ရဲ့အလုပ်တာဝန် တွေကို တစ်ရက်မှာ ၂၄နာရီ၊ တစ်ပတ်မှာ ရ ရက်၊ တစ်နှစ်မှာ ၃၆၅ ရက် ရှင်သန်နေပါတယ်။ ၀က်ဘ်ဆိုဒ် တစ်ခုထားရှိခြင်းဟာ ၂၄ နာရီပတ်လုံး အချိ်န်ပြည့်တာဝန်ထမ်းဆောင်တဲ့ အလုပ်သမားတစ်ယောက် ရရှိထား သလိုပါဘဲ။ သူ့မှာစနေ၊ တနင်္ဂနွေလို အားလပ်ရက် တောင်မရှိဘဲ အချိန်ပြည့်တာဝန်ထမ်းဆောင်နေပါတယ်။

2. Your Top Competitor Has a Website.

စီးပွားရေး သင့်ရဲ့အဓိကပြိုင်ဘက်လုပ်ငန်း၊ ကုမ္ပဏီမှာ ၀က်ဘ်ဆိုဒ်ရှိနေတဲ့အတွက် သူ့မှာ သိသာထင်ရှားတဲ့ အကျိုးအမြတ်တွေရရှိနေပြီး၊ အထူးသဖြင့် စျေးကွက်ချဲ့ထွင်ရေး၊ လူအများသိအောင် ကြော်ငြာရမဲ့ (Marketing, Advertising) ကိစ္စတွေမှာ သူ့ဘက်ကသာလွန်နေပြီး၊ သင့်မှာ ၀က်ဘ်ဆိုဒ်မရှိတဲ့ အတွက် ကိုယ့်ဘက်မှာ တစ်ပန်းရှုံးနေပါပြီ။ တစ်ဖက်က Online ကနေ စီးပွားရေးကို အကြီး အကျယ် ချဲ့ထွင်နေချိန်မှာ ၀က်ဘ်ဆိုဒ် မရှိတဲ့ သင့်မှာ နောက်ကျကျန်ခဲ့မှာပါ။ ဒါကြောင့် ICT ခေတ်ရဲ့ စီးပွားရေး မျက်နှာစာမှာ သူနဲ့ ကိုယ်နဲ့ Level တူ ပြိုင်ဆိုင်နိုင်ဘို့အတွက် သင့်မှာလဲ ၀က်ဘ်ဆိုဒ် ရှိဘို့လိုအပ်ပါတယ်။

ပညာရေး  နိုင်ငံတကာက တက္ကသိုလ်၊ ကောလိပ်တွေကို လေ့လာကြည့်ရင် အားလုံးမှာ ကိုယ်ပိုင် Website တစ်ခုရှိကြ ပြီး ဒီပေါ်မှာ မိမိတက္ကသိုလ်အကြောင်း (About University)၊ သင်ရိုးညွှန်းတမ်းများ (Academic Programme & Curriculum)၊ မိမိတို့ရဲ့ ကိုယ်ပိုင်သုတေသနစာတမ်းများ (Academic Research Projects & Research Papers)၊ တက္ကသိုလ်ဝင်ခွင့်ဆိုင်ရာ (Admissions) စသည်တို့ကို ပြည့်စုံစွာဖေါ်ပြထားကြသလို

Webpage ရဲ့ အောက်ခြေ Footer မှာတော့ သူတို့ရဲ့ Social Network Page တွေကို  Facebook, Twitter, Instagram, Linkedin, Telegram, YouTube, WeChat  စသည်တို့ရဲ့ Link များကိုဖေါ်ပြထားပါတယ်။

ဆိုလိုတာကလူမှုကွန်ယက်စာမျက်နှာတွေမှာ Recent News တွေကိုတင်ပေးထားပြီး၊ Main Website မှာတော့ အထက်မှာဖေါ်ပြခဲ့တဲ့ တက္ကသိုလ်နဲ့ပတ်သက်တာတွေကို အကုန်ဖေါ်ပြထားတာကို တွေ့ရပါတယ်။



3. “Just Google It”.

ဒီနေ့ ICT ခေတ်ရဲ့ မိုဘိုင်းဖုန်းများဟာ ကွန်ပျူတာအသေးစားတစ်လုံးကဲ့သို့လုပ်ဆောင် နေနိုင်ပြီ ဖြစ်ပါတယ်။ သာမန်လူတစ်ယောက်အနေနဲ့ စီးပွားရေးလုပ်ငန်း၊ ၀န်ဆောင်မှုလုပ်ငန်း၊ ထုတ်ကုန် လုပ်ငန်းတွေ၊ အသိပညာ ဗဟုသုတအတွက် ၀က်ဘ်ဆိုဒ် တွေရဲ့ လိပ်စာတွေကို မသိရင် အချိ်န် နေရာမရွေး မိမိရဲ့ မိုဘိုင်းဖုန်းထဲကနေ Google လို Search Engine ကနေ အလွယ်တကူ ရှာဖွေနိုင်တဲ့ ခေတ်ကိုရောက်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်လုပ်ငန်းတွေကို SE တွေကနေ အလွယ်တကူ ရှာဖွေ တွေ့ရှိနိုင်အောင် ၀က်ဘ်ဆိုဒ်တစ်ခု ရှိထားဘို့ လိုပါတယ်။

4. Websites Improve Customer Confidence & Corporate Image.

သင့်ရဲ့ Website ဟာ Professional ကျကျ ပြည့်စုံကောင်းမွန်အောင် တည်ဆောက်ထားရင် Public (သို့မဟုတ်) Customer တွေအတွက် Impression တော်တော်ကောင်းနေပါပြီ။ ဒါကြောင့် Customer တစ်ယောက်အနေနဲ့ သူယုံကြည်အားထား စိတ်ချရတဲ့ အဖွဲ့အစည်း၊ ကုမ္ပဏီတစ်ခုရဲ့ Website ကို အမြဲတန်းဂရုတစ်စိုက်နဲ့ ကြည်ရှုဆက်သွယ်တော့မှာ ဖြစ်ပါတယ်။

5. Small Businesses Have Higher Revenue.

အသေးစားစီးပွားရေးလုပ်ငန်းများမှာတောင် ကိုယ်ပိုင် ၀က်ဘ်ဆိုဒ်ရှိတဲ့ စီးပွားရေးလုပ်ငန်း လေးတွေ ဟာ၊ ကိုယ်ပိုင် ၀က်ဘ်ဆိုဒ်မရှိတဲ့ အခြားစီးပွားရေးလုပ်ငန်းများထက် နှစ်စဉ်ဝင်ငွေများပြားတာကို စစ်တမ်းများအရ သိရပါတယ်။ ဒါကြောင့် SME လို့ခေါ်တဲ့ အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်း (Small & Medium Enterprise) တွေမှာလဲ ကိုယ်ပိုင် ၀က်ဘ်ဆိုဒ် ရှိထားဘို့လိုပါတယ်။

6. Do You Know Billions of People?

၂၀၂၅ ခုနှစ် (ယနေ့အချိန်) အတွက် ကမ္ဘာ့လူဦးရေ ဟာ 🌍

➡️ ၈.၁ ဘီလီယံကျော် (8.1 billion+) ရှိနေပြီလို့ United Nations (UN World Population Prospects 2024 update) မှ ခန့်မှန်းထားပါတယ်။

၂၀၂၅ ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာ အင်တာနက်အသုံးပြုသူအရေအတွက် က
လူဦးရေ ၅.ဘီလီယံကျော် (သို့မဟုတ် ကမ္ဘာလုံးဆိုင်ရာ လူဦးရေအားလုံး၏ ~၆၆% ခန့်) ရှိနေပါပြီ။

🌐 အချက်အလက်ရင်းမြစ်များထဲမှာ International Telecommunication Union (ITU) နဲ့ DataReportal 2025 Digital Report တို့ပါဝင်ပြီး၊ အသုံးပြုသူအရေအတွက်ဟာ နှစ်စဉ် တိုးတက်လာနေဆဲဖြစ်ပါတယ်။

7. Websites Help Establish More Customers.

ယခုအချိန်မှာ Customer အသစ်ရရှိမှု အနည်းဆုံး 85% ခန့်ဟာ အင်တာနက်မှတဆင့် ဖြစ်နေပြီး, အနာဂတ်မှာ ဒီအချိုးနဲ့ ပိုမိုမြင့်တက်လာမည်ဟု ခန့်မှန်းရပါတယ်။

ဒါကြောင့်ကိုယ်ပိုင် ၀က်ဘ်ဆိုဒ်ရှိခြင်းဟာ သင့်ရဲ့ဝန်ဆောင်မှု၊ ထုတ်ကုန်စတာတွေကို လွယ်လွယ်ကူကူ သိနားလည်စေနိုင်ပြီး Customer များကို ပိုမိုဆွဲဆောင်တိုးပွားစေပါတယ်။

9. Websites Are Not Just Local, They Are Global.

ယခင်က စီးပွားရေးလုပ်ငန်း အသေးစားလေးတွေဟာ ကိုယ့်ရဲ့စျေးကွက်ကို မိမိတို့ရဲ့ မြို့ရွာဒေသ တစ်ဝိုက်မှာဘဲ ရောင်းဝယ်ဖေါက်ကားနိုင်ပါတယ်။ ဒီနေ့ ICT ခေတ်မှာတော့ စီးပွားရေးလုပ်ငန်း အသေးစား၊ အလတ်စား၊ အကြီးစား အားလုံးဟာ Website တစ်ခုရှိလိုက်ရင် ကိုယ့်ရဲ့လုပ်ငန်း လည်ပတ်မှု ဟာ ကိုယ့်ဒေသ၊ ကိုယ့်ပြည်တွင်းသာမကတော့ဘဲ ကမ္ဘာအနှံ့ပေါက်ရောက်နိုင်ပြီဆိုတာ သိထားဘို့လိုပါတယ်။ ဒါ့ကြောင့် ကမ္ဘာအနှံ့ခြေဆန့်ဘိုဆိုရင်တော့ Website တစ်ခုရှိထားရမှာ ဖြစ်ပါတယ်။

9. Don’t Worry for Loss Your Customers If You Change Your Website Address.

သာမန်အားဖြင့် စီးပွားရေးလုပ်ငန်း၊ အိမ်ရှင် အိမ်ငှား ကိစ္စတွေမှာ နှစ်စေ့လို့ဖြစ်စေ၊ နောက်လူထားချင် လို့ဖြစ်စေ၊ ကိုယ့်စီးပွားရေးတိုးတက်လာလို့ အိမ်ရှင်ကလခကို မတန်တဆတိုးတောင်းလို့ဖြစ်စေ၊ လုပ်ငန်း လိပ်စာပြောင်းသွားရရင် လိပ်စာသစ်ဆီကို ကိုယ့်ရဲ့ Customer အားလုံးပါလာဘို့မလွယ်ကူ ပါဘူး။ လိပ်စာပြောင်းတာနဲ့ Customer များဆုံးရှုံးရပါတယ်။

Website ရဲ့အားသာချက်ကတော့ မိမိလုပ်ငန်းကို ယခင်ကထက်အမျိုးအမည်များထပ်ထဲ့ပြီး လုပ်ငန်းတိုးချဲ့လို၍ဖြစ်စေ၊ ယခင်ဝက်ဘ်ဆိုဒ်လိပ်စာအဟောင်းက ယခုလုပ်ငန်းနဲ့မလျော်ညီလို့ ဖြစ်စေ၊ Website Address (Domain Name) ကို ပြောင်းရတာတွေရှိပါတယ်။ ဒါကလဲ Web Developer များအတွက် အင်မတန်လွယ်ကူတဲ့ ကိစ္စဖြစ်ပါတယ်။

ဆက်သွယ်နေကြ Customer အဟောင်း တစ်ယောက်က သူသိထားတဲ့လိပ်စာအဟောင်းကို သူ့ရဲ့ Mobile Phone Browser (သို့မဟုတ်) Computer Browser ရဲ့ Address Bar မှာ ရိုက်ထဲ့လိုက်တာနဲ့ စက္ကန့်ပိုင်း အတွင်း လိပ်စာအဟောင်းရဲ့ Page မတက်ဘဲ လိပ်စာအသစ်ရဲ့ Home Page ကို အလိုအလျောက် ပြောင်းလဲခေါ်ဆောင်သွားမှာပါ။

ဒါကတော့ လိပ်စာအဟောင်းရဲ့ Home Page (သို့မဟုတ်) Index Page မှာ အောက်ပါ HTML (Hyper Text Markup Language) တစ်ကြောင်းကို ရိုက်ထဲ့ထားရုံပါဘဲ။ (အရေးကြီးတာက လိပ်စာအဟောင်း Old Domain ကိုဆက်လက်ဝယ်ယူမှတ်ပုံတင်ထားရမှာ ဖြစ်ပါ တယ်)။

ဒီ HTML Code ကတော့ <meta http-equiv=”Refresh” content=”0; url=http://www.sample.com”> ဖြစ်ပါတယ်။

အရင်ကကိုယ်သိထားခဲ့တဲ့ လိပ်စာဟောင်းကိုရိုက်ရင် လိပ်စာအသစ်ကို အလိုအလျောက်ပြောင်း သွားတဲ့ Saya Zin ရေးထားတဲ့ Website နှစ်ခုကို နမူနာအဖြစ်ကြည့်နိုင်ပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်ကထဲက မိမိကိုယ်တိုင်ရေးသားပြီး အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် (ITBMU) Diploma တန်းမှာသင်ကြားပို့ချနေတဲ့ ဆရာကြီး ဒေါက်တာခင်မောင်ညွန့်ရဲ့ စာများကို မူလ Website Address က https://baganpaper.com/ac (Academic Papers on Buddhist Culture & History) (ac= Academic) ဖြစ်ပါတယ်။

သို့သော် baganpaper.com/ac ဆိုတဲ့ Sub Directory နဲ့ Academic Papers on Buddhist Culture & History Subject နဲ့ က သိပ်ပြီး မဆီလျော်လို့ Sub Domain Site အသစ်ဖြစ်တဲ့ https://ac.historicalteaching.com ပေါ်ကို လိပ်စာပြောင်းပြီးတင်ထားပါတယ်။ 

ဒါကြောင့် အပေါ်စာပိုဒ်မှာရှိတဲ့ https://baganpaper.com/ac ဆိုတဲ့ အနီရောင်စာသားတွေရဲ့ Link အပေါ်ကို Click / Press လုပ်လိုက်တာနဲ့  Site အသစ်၊ New Website Address ကို အလိုအလျောက်ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်။ 

10. You Should Use Own Website & Own Email Account for Your Security & Prestige.

ဒီ Blog Site ထဲမှပါတဲ့  “Gmail နဲ့ Email မရှင်းမရှင်းဖြစ်နေသူများ” (Link ပေးရန်) Post မှာ ရေးခဲ့သလိုပါဘဲ ကိုယ်ပိုင် ၀က်ဘ်ဆိုဒ်တင်ထားတဲ့ ဌာနဆိုင်ရာ၊ တက္ကသိုလ်၊ ကောလိပ်၊ စီးပွားရေးလုပ်ငန်းကြီးတွေမှာ သူတို့ရဲ့ Domain Name (Website) အောက်က Mail Server မှာဘဲ Email တွေကို သုံးကြပါတယ်။ ဒါဟာ လုံခြုံရေးအရရော၊ ဂုဏ်သိက္ခာအရပါ Free Email များဖြစ်တဲ့ Gmail, Yahoo Mail, Hot Mail တို့ကိုမသုံးကြပါဘူး။

Customer တွေ၊ Applicant လျှောက်လွှာရှင်တွေစသည်တို့ကပေးပို့တဲ့ စာတွေ၊ Email တွေကို Mail Server ကသိမ်းထားပေးပါမယ်။ Email တွေမှာ Auto Reply စံနစ်တွေ ထဲ့ထားပေးနိုင်တဲ့အပြင်၊ ကိုယ့်ရဲ့ Email ကိုတစ်ဖက်လူလက္ခံရရှိကြောင်း၊ ဟိုဘက်ကလူဖွင့်ဖတ်ပြီးကြောင်း Auto Response စံနစ်တွေပါ ထဲ့ထားပေးနိုင်လို့ Email တွေက အလုပ်တွေအများကြီး လုပ်ပေးနိုင်ပါတယ်။

Website ကိုတာဝန်ယူတဲ့ Web Developer များကလဲ ကိုယ့်ရဲ့ Mail Server မှာဘဲ Unlimited Email Accounts များကို ပြုလုပ်ပေးနိုင်ပါတယ်။ ဥပမာ- အင်္ဂလန်နိုင်ငံ လန်ဒန် တက္ကသိုလ်  (University of London) ရဲ့ Website Address က http://www.lon.ac.uk  ဖြစ်ပြီး လန်ဒန်တက္ကသိုလ်ရဲ့ လက်အောက်ခံ ကျောင်းခွဲတစ်ခုဖြစ်တဲ့ SOAS (School of Oriental & African Study) ရဲ့ လိပ်စာက www.soas.ac.uk  ဖြစ်ပါတယ်။

ဆရာကြီးဒေါက်တာသန်းထွန်းတို့ ဒေါက်တာလှဖေတို့ ဒေါက်တာဘွဲ့တွေ ယူခဲ့တဲ့ တက္ကသိုလ်ပါ။ ဒါကြောင့် ဒီတက္ကသိုလ်ရဲ့ Mail Server အောက်မှာဘဲ Unlimited Email Account များကိုပြုလုပ်ပေးနိုင်ပြီး ဆရာ၊ ဆရာမ၊ ကျောင်းသားများနဲ့ ၀န်ထမ်းများကို stuffname@soas.ac.uk , studentname@soas.ac.uk  စသည်ဖြင့်ပြုလုပ်ပေးနိုင်တဲ့ အတွက်ကြောင့် Free Email များ သုံးရန်မလိုဘဲ လန်ဒန်တက္ကသိုလ်ရဲ့ ဆရာ၊ ဆရာမ၊ ကျောင်းသား များအဖြစ် ဂုဏ်ယူစွာ သုံးစွဲနိုင်ကြပါတယ်။

ထူးခြားချက်ကတော့ Web Mail ဖြစ်ပြီး Gmail Design/ Gmail Function တွေကို သုံးနိုင်အောင်လုပ်ပေးထားခြင်းပါဘဲ။ ဒါကြောင့် SOAS ရဲ့ Email Account ပိုင်ရှင်များဟာ တစ်ကမ္ဘာလုံး ဘယ်နေရာရောက်ရောက် Internet Access ရှိတဲ့နေရာတိုင်းမှာ မိမိရဲ့ မိုဘိုင်းဖုန်း၊ ကွန်ပျူတာတို့က နေပြီး Gmail Design အတိုင်း Gmail အစစ်ကို username@gmail.com  အနေနဲ့မဟုတ်ဘဲ usermname@soas.ac.uk   Account တွေနဲ့သုံးနိုင်ကြပါတယ်။

ဒီ SOAS လိုဘဲ သူတို့ဆီက တက္ကသိုလ်၊ ကောလိပ်၊ ဌာနဆိုင်ရာ၊ စီးပွားရေးလုပ်ငန်းအားလုံးမှာ Free Mail မသုံးဘဲ ကိုယ်ပိုင် Domain Name နဲ့ Email တွေကိုဘဲသုံးကြပါတယ်။

နိဂုံးချုပ်အနေနဲ့ ICT Age, Knowledge Age, Globalization Age ကြီးတွေထဲမှာ ကျနော်တို့တတွေ အမှီလိုက်ဘို့က လက်တစ်ကမ်းမှာဘဲရှိပါတယ်။ ကောင်းကျိုးတွေအများကြီးရှိပြီး၊ ဆိုးကျိုးတွေကိုလဲ နားလည်နိုင်၊ ဖယ်ရှားနိုင်ခဲ့ရင် အင်မတန်အကျိုးရှိပါတယ်။ အထူးသဖြင့် သာမန်လူတွေ၊ နားမလည်သူတွေ မကပ်ရဲအောင်စျေးကြီးကြီးတွေ မလုပ်ကြ ဘို့လဲလိုပါတယ်။

 


48
Translate »