Blog Vs Website
Blog နှင့် Website တို့ရဲ့ကွာခြားချက်များ
- What is a Blog? Blog ဆိုတာဘာလဲ
- What is a Website? Website ဆိုတာ ဘာလဲ။
What is a Blog and How is it Different from a Website?
Blog ဆိုတာဘာလဲ? Blog နဲ့ Website ဘာကွာခြားသလဲ?
Blog နဲ့ Website အကြောင်းကို နားလည်ထားဘို့လိုပါတယ်။ Blog နဲ့website အကြောင်းကို နားလည် ထားမှ ကိုယ်က Blog လုပ်ဖို့လိုတာလား website လုပ်ဖို့လိုတာလားဆိုတာကို သိနားလည်မှ ကိုယ်နဲ့ အဆင်ပြေတာ လုပ်နိုင်မှာ ဖြစ်ပါတယ်။ Blog နဲ့ website က တူသလိုလို ဖြစ်ပေမဲ့ မတူညီဘူးဆိုတာ ရှင်းပြပါမယ်။
Blog / Blogger: ဒီနေ့အင်တာနက်ပေါ်မှာ အထူးသဖြင့်မြန်မာနိုင်ငံရဲ့ အင်တာနက်ခေတ်ဦးပိုင်း ၂၀၀၅-၂၀၁၀ ပတ်ဝန်းကျင် ဖေ့စ်ဘွတ်ခ်ခေတ်မစားခင်ကာလတွေမှာ Blog တွေခေတ်စားခဲ့ပြီး Blog ရေးသား သူများကို Blogger လို့ခေါ်ပါတယ်။

Blog ဆိုတာကတော့ အွန်လိုင်းဒိုင်ယာရီ တစ်ခုလိုမျိုးဖြစ်ပြီး၊ မိမိရဲ့အတွေးအခေါ်တွေ၊ အတွေ့အကြုံတွေ၊ အသိပညာတွေနဲ့ သတင်းအချက်အလက်တွေကို ပုံမှန်တင်ပြရာ ဝက်ဘ်ဆိုက် (Website) တစ်ခုဖြစ်ပါတယ်။
Blog တွေမှာတော့ ပရိတ်သတ် (Readers) တွေကလည်း မှတ်ချက်တွေရေးနိုင်တယ်၊ မျှဝေ (share) လုပ်နိုင်တယ်။ ဥပမာ – ခရီးသွားအတွေ့အကြုံ၊ ချက်ပြုတ်နည်း၊ နည်းပညာသုံးသပ်ချက်၊ ကိုယ်ရေးကိုယ်တာအတွေးအခေါ်တွေ စသဖြင့်။
1. What is a Blog?
Blogs are a type of website. The only real difference between a blog and other types of website is that blogs are regularly updated with new content, which is displayed in reverse chronological order (newer posts appear first).
Blog ဆိုတာကတော့ Website အမျိုးအစားတစ်ခုပါဘဲ။ ဒါပေမဲ့ blog နဲ့ website တို့ရဲ့အဓိကကွာခြားချက်ကတော့ blog တွေမှာက အကြောင်းအရာသစ်တွေကို ပုံမှန်တင်လေ့ရှိပြီး သူတင်ပြထားတဲ့အကြောင်းအရာများ “blog posts” များကို chronological order ခုနှစ်သက္ကရာဇ်အစဉ် (နေ့စွဲအလိုက်) Facebook လိုဘဲ နောက်ဆုံးတင်တဲ့ Post က အပေါ်ဆုံးကို တက်လာမှာပါ။
Blog တွေမှာ User အလွယ်တကူကြည့်ရှုနိုင်အောင် Menu Bar တွေပါဝင်သလို အကြောင်းအရာ ‘category’ အလိုက် ခွဲခြားကြည့်နိုင်အောင်လဲ တင်ပြထားပါတယ်။
ဒါပေမဲ့ ဖေ့စ်ဘွတ်ခ်ခေတ်မှာ ဘလော့ဂ်ကို သိပ်မသိကြသလိုဖြစ်နေတဲ့အပြင် “Blog” ဆိုတဲ့စကားလုံးကိုတောင် အသံနဲ့မှန်းပြီး “Block” လို့သုံးစွဲနေကြ တာကို တွေ့ရလို့ “Blog” ဆိုတာသိထားသင့်ပါတယ်။
(The term web log was first used during the late 90s, which later became ‘weblog’, then ‘we blog’, and finally just ‘blog’.)
မူလစကားလုံးကတော့ Internet Website များပေါ်မှာရေးသားလို့ ၀က်ဘ်လော့ “web log” ဆိုတဲ့စကားလုံးကို ၁၉၉၀ ဝန်းကျင်မှာ စတင်သုံးနှုန်းလာတာပါ။ web log လို့ခေါ်ရာကနေ “weblog” နောက်တစ်ခါ “we blog” ဖြစ်သွားပြီး နောက်ဆုံးမှာ “we” ကိုဖြုတ်ပြီး “blog” လို့ခေါ်တာပါ။ (မြန်မာနိုင်ငံမှာတော့ Facebook မပေါ်ခင် ၂၀၀၅-၂၀၁၀ ဝန်းကျင်တွေမှာ Blog တွေခေတ်စားလိုက်ပါတယ်။)
Log ဆိုတာဘာလဲ?
ဒီနေရာမှာ “log” ဆိုတဲ့ စကားလုံးဟာ အဓိပ္ပါယ် အမျိုးမျိုးရှိပါတယ်။
Log ဆိုတာကတော့ မှတ်တမ်း လုပ်ထားခြင်းကို ဆိုလိုပါတယ်။
မိမိလုပ်ခဲ့တာတွေ၊ ဖြစ်ပျက်မှုတွေ၊ အချက်အလက်တွေကို စဉ်လိုက်သိမ်းထားခြင်း (မှတ်တမ်းတင်ခြင်း) ကို Log လို့ခေါ်တယ်။
ဥပမာအချို့ –
- Ship log / Captain’s log
→ လှေသမားက ရေကြောင်းခရီးစဉ်မှာဖြစ်ခဲ့တဲ့အရာတွေကို ရက်စွဲနဲ့အတူ မှတ်တမ်းတင်ထားတဲ့စာအုပ်။
(လှေပေါ်မှာ ဒီနေ့ ဘယ်နေရာမှာ ရောက်တယ်၊ မိုးလေဝသဘယ်လိုရှိတယ်ဆိုတာတွေ) - System log / Computer log
→ ကွန်ပျူတာစနစ်အတွင်းမှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ မှတ်တမ်းတင်ထားတဲ့ဖိုင်။ - Activity log
→ သုံးစွဲသူတစ်ဦးရဲ့ လုပ်ဆောင်မှုမှတ်တမ်း။ ဥပမာ – ဘယ်အချိန်မှာ login လုပ်တယ်၊ ဘာဖိုင်ဖွင့်တယ် စတဲ့အရာတွေ။
ဒါကြောင့် သင်္ဘောကြီးတွေ၊ လေယာဉ်ခရီးစဉ်တွေရေးတဲ့ မှတ်တမ်းစာအုပ်များကို “Logbook” လို့ခေါ်ပါတယ်။ အင်တာနက်ပေါ်မှာ Email များ၊ Online Account များသုံးရာမှာလဲ Log In/ Log Out (သို့မဟုတ်) Sign In/ Sign Out စသည်ဖြင့်သုံးကြပါတယ်။
အဘိဓါန်မှာတော့ “log: a daily record of a ship’s rate of progress, events of a voyage etc.” လို့ ဖွင့်ပါတယ်။
“Logbook” ဆိုတဲ့စကားလုံးကို သမိုင်းဖြစ်ရပ်မှန်ကို ဇာတ်လမ်းဖွဲ့ရိုက်ကူးထားတဲ့ ကမ္ဘာကျော် Titanic ရုပ်ရှင်ထဲမှာသုံးတာတွေ့ရမှာပါ။ တိုင်တင်းနစ် ရုပ်ရှင်ထဲမှာ သင်္ဘောကြီး ရေခဲတောင်နဲ့တိုက်မိပြီး သင်္ဘောပေါ်ကို ရေခဲတုံးတွေကျလာချိန်မှာ သင်္ဘောအရာရှိက ရေလုံခန်းတွေကိုပိတ်ထားပြီးလို့ Logbook မှာ မှတ်တမ်းရေးပါလို့ ပြောလိုက်ပါတယ်။
“I close the watertight bulkheads. Record the time in the logbook.”
Blog တစ်ခုမှာ အဓိကပါဝင်တာတွေကတော့
၁. အစဉ်လိုက် အစုံလိုက် တင်ပြထားသော posts (A chronological listing of blog posts)
၂. အပြန်အလှန် မေးမြန်းဆက်သွယ်ခွင့် ရှိ ( Allow comment to readers)
၃. စာရေးသူ အမည် ရက်စွဲ Posts အမျိးအစား အကြောင်းအရာ တွေ ဖော်ပြထားခြင်း (Blog posts are archived by date, category, author, tags, and sub-categories.)
၄. ပုံမှန် သတင်းအချက်အလက်တွေကို အချိန် နဲ့ တပြေးညီ ဖော်ပြပေးကာ ပုံမှန် Update လုပ်ပေးခြင်း
Blog Site တစ်ခုကို လေ့လာကြည့်ပါ။
အခုကြည့်နေတဲ့ https://historicalteaching.com ဆိုတာက Blog တစ်ခုဖြစ်ပါတယ်။
What is a Website? Website ဆိုတာ ဘာလဲ။
Website ဆိုတာ ကတော့ Internet ပေါ်မှာ တွေ့ရတဲ့ (HTML, CSS, Java script, PHP) စတဲ့ Computer Programing Language များဖြင့် ရေးဆွဲထားတဲ့ အရာတွေ ဖြစ်ပါတယ်။ website တစ်ခုက Blog လို ပုံမှန်အားဖြင့်တော့ ကန့်သတ် မထားဘဲ Website ရဲ့ လိုအပ်ချက်က Blog ထက်လဲ များနိုင်သလို နည်းတာလဲ ဖြစ်နိုင်ပါတယ်။
Website ရဲ့ လိုအပ်ချက်က Blog ထက်လဲ များနိုင်တယ်ဆိုတာကတော့ website ကို သက်ဆိုင်ရာအစိုးရဌာနတွေ၊ တက္ကသိုလ်၊ ကောလိပ်တွေ၊ ကုမ္ပဏီတွေက သုံးပါတယ်။
https://baganpaper.com ကတော့ Website တစ်ခုပါ။ ဒီ Site မှာ Blog Site လို Chronological Order မပါပါဘူး။ Menu Bar, Right Site Menu တွေထည့်ထားပါတယ်။ ဒီ Site တွေကို Responsive Website လို့ခေါ်ပါတယ်။ Any Platform (e.g: Computer (PC), Mobile Phone, Tablet) တို့မှာကြည့်ရင် အလိုအလျောက် သင့်တော်သလို Wide, Narrow လုပ်ပေးသွားမှာပါ။
Website တခုမှာတော့ မည်သည့် အကြောင်းအရာမဆိုပါနိုင်ပါတယ်။ Companies Website တခုဆိုရင် Companies နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာ အချက်အလက် ပစ္စည်းအမျိးအစားတွေ ထုတ်ကုန် အကြောင်းအရာတွေ Product Promotions တွေ ပါနိုင်ပါတယ်။ website ကို Companies တွေ အများစုက သုံးလေ့ ရှိပီး သူတို့ ထုတ်ကုန် ပစ္စည်းကို ရောင်းရန် Promotion လုပ်ရန် အတွက်အသုံးပြုလေ့ ရှိကြပါတယ်။
website တခုက Blog တခုလို နေ့တိုင်း Posts တင်စရာမလိုပါဘူး။ အများစုကတော့ website Landing Page တခုကို Design ကောင်းကောင်းလေးလုပ်ပြီးအသုံးပြုလေ့ ရှိကြပါတယ်။ အဲ Landing Pages ကတဆင့် နောက်စာမျက်တခုသို့ပို့ပေးတဲ့ Link တွေ Button တွေ ပေးထားလေ့ ရှိပါတယ်။ အဲဒါတွေကို Click လုပ်လိုက်ရင် သူတို့ ထုတ်ကုန် ပစ္စည်း ရောင်းတဲ့ နေရာ ဒါမှမဟုတ် သူတို့ Companies ရဲ့ ဝန်ဆောင်မှု ပေးတဲ့ အကြောင်းအရာတွေကိုအသေးစိတ်ဖော်ပြပေးထားတဲ့ စာမျက်နှာကို တွေ့နိုင်ပါတယ်။
ဆက်လက်ကြည့်ရှုရန်-
၀က်ဘ်ဆိုဒ်တစ်ခု လိုအပ်ခြင်းအတွက် အကြောင်းရင်း ၁၀ ချက်
Blog Vs Website
Blogger Vs Vlogger
48
