Historical Knowledge and Visual Aids

Thursday, May 14, 2026
HIST

Historical Research Method

သမိုင်းသုတေသနနည်း (Historical Research Method)

၂၀၁၉ ဖေဖေါ်ဝါရီလတွင် သာသနာရေးဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ နေပြည်တော်တွင် ကျင်းပသော “သမိုင်းအထောက်အထားအရင်းအမြစ်များကို ရှာဖွေခြင်း” စာတန်းဖတ်ပွဲတွင်

“ICT ခေတ်တွင်  သမိုင်းအထောက်အထားအရင်းအမြစ်များကို Online မှ ရှာဖွေခြင်း” ခေါင်းစဉ်ဖြင့်ဖတ်ကြားခဲ့သည့် စာတန်းမှကောက်နှုတ်ဖေါ်ပြချက်ဖြစ်ပါသည်။

In February 2019, the Ministry of Religious Affairs; Department of Historical Research and National Library held a reading on “Finding Historical Resources” in Nay Pyi Taw.
Excerpt from an article I read entitled “Searching for Historical Resources Online in the ICT Age”

သမိုင်းသုတေသနနည်း (Historical Research Method)

သမိုင်းဘာသာရပ်နှင့်ပတ်သက်၍ အတိတ်သမိုင်းဆိုသည်မှာ လူ့ဘဝ၏ အတွေ့အကြုံအရင်းအမြစ် များကို ရှာဖွေတွေ့မြင်နိုင်သည့်အရင်းအမြစ်တစ်ခုဖြစ်ပေသည်။ အတိတ်သမိုင်းကို လျစ်လျူရှုခြင်း၊ မေ့လျော့ ထားခြင်းတို့သည် မဖေါ်ပြနိုင်လောက်အောင်များပြားသည့် သမိုင်းတန်ဘိုးများကို ဆုံးရှုံးနိုင်ပေသည်။ နိုင်ငံ တစ်နိုင်ငံသည် ၄င်း၏အတိတ်သမိုင်းကို ရည်ရွယ်ချက်ရှိရှိ မေ့ဖျောက်ထားခြင်း၊ အတိတ်သမိုင်း၏ အကောင်း အဆိုးကို မဝေဖန်၊ မသုံးသပ်နိုင်ခဲ့လျှင် အတိတ်သမိုင်း၏ အမှားများကိုလည်းအဖန်တလဲလဲ မှားယွင်း ကျူးလွန် နိုင် ပေသည်။

The nation which forgets its history is forced to repeat the same mistakes.

သမိုင်းဟူသည်မှာ ရာဇဝင်ကဲ့သို့ နယ်ပယ်ကျဉ်းမြောင်းသော စာစောင်မျိုးမဟုတ်ပေ။ လူမှုတစ်ရပ် လုံး၏ တိုးတက်ပြောင်းလဲလာပုံများကို ရာစုနှစ်များအစဉ်အတိုင်းဖြစ်စေ၊ ဆယ်စုနှစ်များအစဉ်အတိုင်း ဖြစ်စေ၊ သတ်မှတ်ခွဲခြား၍ စနစ်တကျဖေါ်ပြခြင်းဖြစ်သည်။ သမိုင်းသည် မည်သည့်အခါမှ ပြီးဆုံးခြင်းသို့မရောက် နိုင်သော လူမှုရေးရာသဘာဝ မှတ်တမ်းကြီးဖြစ်ပေသည်။ ယနေ့ယခု အသစ်သစ်ဖြစ်ပျက်နေသမျှသည် နောက်တစ်နေ့တွင် အတိတ်၏ အသွင်သို့ကူးပြောင်းသွားကာ သမိုင်းဝင်ဖြစ်သွားရပေသည်။

သမိုင်းဘာသာရပ်ကို အထူးပြုသင်ကြား၊ လေ့လာ၊ သုတေသနပြုနေကြသော ဆရာ၊ ဆရာမများ၊ သုတေသီများသည် သာမန်စာဖတ်သူ General Reader နှင့် မတူသည့်အချက်များမှာ ၄င်းတို့တွင် ဘာသာရပ်ဆိုင်ရာ (Subject Matter) ကျွမ်းကျင်မှု၊ အကြောင်းအရာ ဖြစ်စဉ်တစ်ခု၏ ခေတ်ပြိုင် သမိုင်းကြောင်း (Contemporary) နှင့် နောက်ခံသမိုင်းကြောင်း (Background History) ကို သိနားလည်မှု၊ နှိုင်းယှဉ်လေ့လာမှု (Comparative Study) ၊ ကြောင်းကျိုးဆက်စပ်မှု (Cause & Effect)၊ ဝေဖန်သုံးသပ်မှု (Analysis) စသည်တို့ပါ ဒွန်တွဲပါလာပေသည်။ သင်ကြားရေးအပြင် သုတေသနပြုမှု (Teaching & Research) တို့သည်လည်း အမြဲဒွန်တွဲပါ၀င်နေသည်။

ဖွံ့ဖြိုးတိုးတက်ခါစနိုင်ငံများ၏ အစိုးရအဖွဲ့တိုင်းသည် သုတေသနကိစ္စကို လျစ်လျူမရှုနိုင်ကြပေ။ ဘာတစ်ခုမှမရှိသော မူလအခြေအနေမှ ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်အောင် တဟုန်ထိုးတိုးတက်လာစေရန် မှာ သုတေသနလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်တိုးတက်လုပ်ဆောင်ရပေမည်။ တက္ကသိုလ်ကောလိပ်တို့၏ အသက်မှာ သင်ကြားရေးနှင့်သုတေသနပင်ဖြစ်သည်။ အထူးသဖြင့် ကမ္ဘာပေါ်တွင် နှစ်စဉ် သုတေသနမှ နိုဘယ်လ်ဆု ရရှိသူများမှာ တက္ကသိုလ်ကောလိပ်များမှ ဖြစ်သည်ကိုတွေ့ရသည်။ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီးအောင်မြင်မှု ရလာဒ်များရရှိမှသာလျှင် ဟောင်းမြင်းဆွေးမြေ့နေပြီဖြစ်သော ပညာရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ လူမှုရေး စသည်တို့မှ အလိုအလျောက်စွန့်ခွါနိုင်ပြီး ခေတ်သစ်ကမ္ဘာ သစ် အဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်သည်။

To be continued


48

Translate »