UNESCO World Heritage & Memory of the World
မြန်မာနိုင်ငံ၏ UNESCO World Heritage & Memory of the World
ပုဂံခေတ်နှင့် ရှေးမြို့ဟောင်းများဖြစ်သော ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာတို့ကို လေ့လာ၊ သင်ကြား၊ သုတေသနပြုသူများအဖို့ Online ပေါ်တွင် Primary, Secondary များရှာဖွေခြင်းအပြင် UNESCO ၏ World Heritage Official Website နှင့် Memory of the World ကို လည်းလေ့လာသိရှိ ထားသင့်သည်။ သို့မှသာ ကမ္ဘာအရပ်ရပ်ရှိ Memory of the World & World Heritage Zones များကို UNESCO မှ မည်သို့ထိန်းသိမ်း စောင့်ရှောက်ထားပုံနှင့် World Heritage ဖြစ်ရန် ယူနက်စကို၏ စံနှုန်းများ UNESCO Criteria များကို နားလည်သဘောပေါက်၍ မိမိနိုင်ငံအတွက် ကမ္ဘာ့အမွေအနှစ်စံ တန်ဘိုးများကို သိရှိ ထိန်းသိမ်းစောင့်ရှောက်နိုင်မှာဖြစ်ပေသည်။ ထို့အပြင် ယင်းကမ္ဘာ့အမွေအနှစ်ဒေသများကို မိမိနိုင်ငံအပြင် အခြားနိုင်ငံများ မည်သို့မည်ပုံ ထိန်းသိမ်းစောင့်ရှောက်ပုံ၊ ကမ္ဘာပေါ်ရှိ ယူနက်စကို စံနှုန်းမဝင်သည့် Danger Zone များကို သိရှိပြီး Comparative Study တစ်ရပ်အဖြစ် နိုင်းယှဉ်လေ့လာ ကောက်ချက်ဆွဲယူ နိုင်ပေမည်။ UNESCO ၏ Official Website ဖြစ်၍ Primary စာရင်းဝင်သည်ဟု ဆိုနိုင်ပါသည် ။
နိုင်ငံတကာ အထိမ်းအမှတ်အဆောက်အအုံနှင့် နေရာဒေသများကောင်စီ International Council on Monuments and Sites (ICOMOS) အဖွဲ့မှ ပုဂံဒေသကို ယူနက်စကိုဝင်ရန် စစ်ဆေးမှုများကို စက်တင်ဘာ၊ ၂၀၁၈ ခုနှစ်ကတည်းက စစ်ဆေးခဲ့ပြီး၊ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် (World Heritage) အဖြစ်သတ်မှတ်ကြောင်းကို ၆ ဇွန်၊ ၂၀၁၉ ရက်နေ့တွင် အဇာဘိုင်ဂျန်နိုင်ငံ ဘာကူးမြို့၌ကျင်းပသည့် (၄၃) ကြိမ်မြောက် ယူနက်စကို ကမ္ဘာ့အမွေအနှစ် ကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် ပုဂံဒေသကို လေ့လာနေသည့်သင်ကြားရေးနှင့်သုတေသနပြုနေသူများအနေဖြင့် ကမ္ဘာ့အမွေအနှစ် ပုဂံဒေသ ကိုလည်း မျက်ခြေပြတ်မခံသင့်ပေ။
မြန်မာနိုင်ငံမှ ကမ္ဘာ့အမွေအနှစ် (World Heritage) စာရင်းဝင်အဖြစ် ပျူမြို့ဟောင်းများဖြစ်သော ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာနှင့် ပုဂံဒေသ တို့၏ စာရင်းကို Unesco ရဲ့ Official Gallery Website တွင်ကြည့်နိုင်ပါတယ်။
To be continued.
48
