Regional Organizations
ဒေသဆိုင်ရာ အဖွဲ့အစည်းများ (Regional Organizations)
ဒေသဆိုင်ရာ အဖွဲ့အစည်းများ (Regional Organizations) များနှင့် နှင့်သက်ဆိုင်သော သင်ကြားရေးနှင့် သုတေသနလုပ်ငန်းများအတွက် သမိုင်းအထောက်အထားများကို Online မှရှာဖွေ ရယူခြင်း
မိမိတို့တာဝန်ယူထားသည့် ဘာသာရပ်တစ်ခုကို သင်ကြားပို့ချရာတွင် Board of Study (BOS) မှပြဌာန်းထားသည့် ဘောင်အတွင်းမှ စာအုပ်စာတန်းများကို ရယူထုတ်နှုတ်သင်ကြားရာတွင် Online Sources များသည် များစွာအရေးပါလာသည်ကို တွေ့ရှိရသည်။ သင်ကြားပို့ချသူသည် BOS မှချမှတ်ထား သည့် ဘောင်အတွင်းမှ မိမိနှင့်သက်ဆိုင်သည့် ခေါင်းစဉ်ကို လွတ်လပ်စွာသင်ကြားပို့ချခွင့်ရှိ၍ အင်တာနက်ပေါ်မှ သက်ဆိုင်ရာခေါင်းစဉ်နှင့် ပတ်သက်သော Official Websites များကို သိနားလည်ပြီး ကောင်းစွာအသုံးချနိုင်ရန်အတွက် Digital Literacy သည် လိုအပ်လာပေသည်။ Official Website ဟုဆိုထားသည့်အတွက် ၄င်းတို့၏ နောက်ခံသမိုင်းမှအစ ယခုလက်ရှိလုပ်ဆောင်ချက်များ၊ အနာဂတ် မျှော်မှန်းချက်များစသည်တို့ကို ပြည့်စုံစွာဖြင့်ရရှိနိုုင်၍ ခိုင်လုံသော အထောက်အထားများ ရရှိနိုင်ပြီး စာသား Text အပြင်၊ ရုပ်ပုံ၊ မြေပုံ (Visual Aids)၊ ရုပ် သံ (Audio/ Video) စသည့် Multimedia Presentation အတွက်ပါ ပြည့်စုံစွာရရှိနိုင်ပေသည်။
အထက်ပါလုပ်ငန်းများကို လုပ်ဆောင်နိုင်ရန် ဒစ်ဂျစ်တယ်ခေတ်တွင် Digital Tools များကိုလည်း နားလည် သဘောပေါက် ကိုင်တွယ်အသုံးချနိုင်ရပါမည်။ သုတေသနစာတမ်းများကို တင်သွင်းရာတွင် Candidate သည် သက်ဆိုင်ရာစာပေများကို အင်္ဂလိပ်၊ မြန်မာတို့ဖြင့်ဖတ်ထား၊ သိထားနိုင်ရမည့်အပြင် Digital Literacy ကိုပါ နားလည် သိရှိရမည် ဖြစ်သကဲ့သို့ Supervisor လုပ်သူ New Generations များ ကိုယ်တိုင်လဲ Candidate ထက်ပိုသိ၊ ပိုဖတ်၊ ပိုတတ်ရမည်ဖြစ်သလို Candidate ကို သက်ဆိုင်ရာ Field တစ်ခုအတွက် သေခြာ၍ အထောက်အထား ခိုင်မာသည့် Official & Confirmative Webesite များကို ဦးဆောင်ညွှန်ပြနိုင်ရမည် ဖြစ်သည်။ ဥပမာ ရဲလုပ်ငန်းနှင့် ပတ်သက်သော စာတန်းကို ရေးသားပြုစုသူကို Interpol ၏ Official Website ကို ညွှန်ပြနိုင် ရမည်။
သင်ကြားရေးနှင့် ပတ်သက်၍ Board of Study မှ ပြဌာန်းထားသည့် Reference Book များအပြင် သက်ဆိုင်ရာ ဘာသာရပ်အတွက် Official Website များမှ အချက်အလက်များကိုလည်း ယူသုံးသင့်သည်။ ဥပမာအားဖြင့် ကုလသမဂ္ဂအကြောင်း သင်ရန်အတွက် UN ၏ Official Website၊ ကို သိသင့်သည်။
To be continued.
48
